တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းနှင့် လှေ ၁ စီးဖြင့် ထွက်ပြေးသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့များ မြို့တွင်းသို့ ဝင်ရောက်လာစဥ် ပြည်ကြီးမဏ္ဍိုင်မြို့မှ မြစ်အောက်ဘက်ကို စက်လှေ ၁ စီးဖြင့် စစ်သားများ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထွက်ပြေးသွားသော စစ်သားများနှင့် ရဲစခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘုတ်ပြင်းမြို့နယ် (Flying Star Force) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း (T4 Zone) တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မြို့နေပြည်သူများနှင့် လုံးဝ၊ လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
See Translation
All reactions:
17K17K