စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်းများ၊ RPG များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မြောက်ဘက်ကို ဆန်တတ်လာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ဆာလင်းကြီးမြို့နယ်၊ နှောကူးတို့ရွာနှင့် သံလျက်ကိုင်းရွာ အကြားတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။