စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်ကြီး တိုက်နယ် (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရွှေဘိုမြို့ ကညနရုံးအတွင်းရှိ စစ်သားများကို လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရ စစ်သားများကို လူမှုကူညီရေးကား ၂ စီးဖြင့် ခလရ ၄၂ တပ်အတွင်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Shwe Bo federal Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဘဏ်တွင် အကြမ်းဖက် စစ်သားများ လုံခြုံရေး အပြည့်ချထားပြီး ဘန်ကာ တည်ဆောက်ထားကာ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်မှ စစ်သားများ ကင်းပတ်ပြီး ပြည်သူများကို ဖိအားပေး ခြိမ်းခြောက် ဖမ်းဆီး အနိုင်ကျင့်နေသည့်အတွက် တို က်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shwebo Federal Army SBFA နှင့်မဟာမိတ် ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။