ကရင်နီပြည်နယ် အခြေစိုက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) မှ ရဲဘော် တစ်ဦး တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတယ်လို့ တပ်ရင်း (၉) က မနေ့က ထုတ်ပြန်ပါတယ်။
KNDF တပ်ရင်း (၉) မှ ရဲဘော်ငဲတူး ဟာ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရင်း အောက်တိုဘာ ၁၆ ရက်မှာ ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရဲဘော်ငဲတူး ဟာ KNDF တပ်ရင်း (၉)၊ တပ်ခွဲ (၄) မှာ တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး ပေးအပ်တဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့ ရဲဘော် ဖြစ်တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ရဲ့ ဈာပန အခမ်းအနားကို တပ်ရင်း တာဝန်ရှိသူများ၊ ရဲဘော်များနဲ့ ပြည်သူများက ကရင်နီပြည် တစ်နေရာမှာ ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ငဲတူး ကို KNDF တပ်ရင်း (၉) အနေနဲ့ အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားပြီး ကျန်ရစ်တဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းနည်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။