စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီး ပျူရွာက စားနပ်ရိက္ခာရှာဖွေဖို့နဲ့ ရှေ့ကင်းထွက်လာတဲ့ အကြမ်းဖက် ရဲ (၂) ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်တွေပါရ ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.Fက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကံဇီးပျူရွာက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် ရဲ ၂ ဦးကို အောက်တိုဘာ ၁၉ရက် မနက် ၇နာရီမှာ တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၁)ဦးနေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ရဲ(၁)ဦးမှာ ဒဏ်ရာအပြင်းထန်ရရှိခဲ့ကာ အရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတာနဲ့ အဲဒီ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်ရဲမှာလည်း ၎င်းရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။
ထိတွေ့မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ အကြမ်းဖက် ရဲတပ်သားတွေမှာ ရဲတပ်ရင်း(၂၆) ရဲတပ်သား ထွန်းကျော်စွာ(ခ)ထွန်းထွန်းနဲ့ ရဲတပ်သားအောင်ဆန်းမြင့်တို့ ဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့ထံကနေ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊ 7.62ကျည် (၁၅၀)၊ ကျည်ကာအင်္ကျီ (၁)ထည်၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း(၄)ရင်း ဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈) တို့နဲ့အတူ We Must Win မီးတောက်တပ်ခွဲ(၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force ဟာ အကြမ်းဖက်စစ်ကောင်စီရန်သူတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အရေးပေါ် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို ပြည်သူတွေအနေနဲ့ ကူညီပါဝင်အားဖြည့်ပေးကြဖို့နဲ့ ရန်သူ့တပ်စခန်းတွေရှိရာ နေရာတွေကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။