မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းက နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ တောင်ညိုစစ်ကြောင်းကို ဆက်သွယ်ခိုလှုံခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ သံဖြူဇရပ် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်ထိန်း တပ်ကြပ် ထွန်းထွန်းလင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂ ရက်နေ့က Glock .38 mm ၁ လက်၊ .38 ကျည် ၅ တောင့်၊ ကျည်ကာ ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ icon ၁ လုံး၊ ရဲဦးထုပ် ၁လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၂ လုံး၊ လက်ထိပ် ၁ခုတို့နဲ့အတူ KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တွေထံ လာရောက်ခိုလှုံခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ နယ်ထိန်းထွန်းထွန်းလင်းဟာ ရဲတပ်ဖွဲ့အတွင်း အထက်အောက်ဖိနှိပ်တဲ့ဒဏ်ကို မခံနိုင်ခြင်းနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နှိပ်စက်တာကို မခံနိုင်တာကြောင့် အခုလို ပြည်သူ့ဘက်ကို ခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။