စစ်ဘေးသင့်၊ မီးဘေးသင့် ကလေးငယ်တွေ တတိယအကြိမ် ပညာရေးသင်ထောက်ကူ ပစွည်းတွေကို ပြည်သူ လူထူ အကူညီနဲ့S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားဦးရေ စုစုပေါင်း (၁၁၇၁) ဦးအနက်မှပထမအကြိမ်မှာ (၂၁၆) ဦး၊ ဒုတိယ အကြိမ်မှာ (၂၁၁) ဦးနဲ့ အခု တတိယအကြိမ်မှာ (၁၀၃) စုစုပေါင်း (၅၃၀) ဦးကို သင်ထောက်ကူပစွည်းတွေ ပေးအပ်နိုင် ခဲ့ပါလို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ ကျောင်းသား ကျောင်းသူ (၆၄၁) ဦးအတွက် သင်ထောက်ကူပစွည်းတွေ ကူညီပေးနိုင်ဖို့ကိုလည်း ပြည်သူတွေထံ မေတ္တာရပ်ခံထားပါတယ်။
ဒီနေ့အချိန်ထိ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ က စစ်ဘေးသင့် မီးဘေးသင့် ကျောင်းပေါင်း (၁၉)ကျောင်းကို ပညာရေးသင်ထောက်ကူပစွည်းတွေ ကူညီနိုင်ခဲ့ပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။