အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် “မုန်လိုင်ခက်နဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားအင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ထောက်ပို့ပြည်သူများက လိုင်ဇာရှိ အပြစ်မဲ့ ပြည်သူများကို ကမ္ဘာလုံးဆိုင်ရာ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသော စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေခြင်းအပေါ် အမေရိကန်ပြည်သူများ၊ ကမ္ဘာခေါင်းဆောင်များ သိရှိရန် မြေပြင်လူထုသပိတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။