ချင်းပြည်နယ်ကို တက်ဖို့ကြိုးစားနေတယ်လို့ ယူဆရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း၊ ပေါက်နှင့် ကျောက်ထု အကြားမှာ တောင်တင်နေဆဲဖြစ်ပြီး၊ ကျောက်ထုနားတဝိုက်ကို စစ်ကောင်စီ စစ်သားအင်းအား ၈၅ ဦးခန့်ဖြင့် စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့သည့် တပတ်ကျော်က အသက် ၄၀ ကျော် ဝန်ကျင်ခန့် ရှိတဲ့ ပန်ဆန်းရွာသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး၊ တေးရွာက ဘုန်းကြီးကျောင်းက ဦးဇင်းတပါးရဲ့ မော်တော်ကားကိုလည် မိးရှု့ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
နာရီ ပိုင်းနဲ့ သွားရတဲ့ လမ်းခရီးကို သုံးရက်လောက် သွားကြတဲ့ စစ်ကောင်စီ အဖွဲ့ ဟာရွှေအောင်သာကျေးရွာသို့ ရိက္ခာဖြည့်ဖို့ စစ်ကား ၁ စီး၊ ဖောကား ၃ စီး၊ ဆိုယ်ကယ် ၁ စီးနဲ့ လူအင်းအား ၁၀၀ ခန့်နဲ့ မိအေကျေးရွာကို အောာက်တိုဘာလ ၂၃ ရက်နေ့ ၂၀၂၃ တွင် ရောက်ရှိနေကြောင်း ဒေသခံတစ်ဉီးက Zalen သို့ ပြောပါတယ်။ ပခုက္ကူမြို့ကနေ ချောဆွဲလာသော ကားများကိုလည်း ခုထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း သိရပါတယ်။