ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကဒေါ့ကောင် စစ်ကောင်စီ ခလရ (၂၅၀) အခြေစိုက် တပ် စခန်းကို KIA က ဒီကနေ့ အောက်တိုဘာ ၂၄ ရက်၊ မနက် ၆ နာရီခွဲကျော်က က်တိုက်ခိုက်ခဲ့ရာ မနက် ၁၀ နာရီ ဝန်းကျင်မှာ စခန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
“ဒီမနက်က သိမ်းလိုက်တဲ့ နေရာက မိုးမောက်၊ မံစီမြို့နယ်ဘက် ဟုတ်တယ်။ ၁၀ နာရီ ကျော်ခန့်က” လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
ဒီစခန်းကို KIA တပ်မဟာ (၃)၊ တပ်ရင်း (၁)၊ တပ်ရင်း (၂၇) နဲ့ KIA ပြည့်သူ့စစ် အရံတပ် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကဒေါ့အင်ခန်ကောင်က စစ်ကောင်စီ တပ်စခန်းကို အပြောင်အစင် ရှင်းလင်း သိမ်းပိုက်လိုက်ပြီ” လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
KIA ရဲ့ အရှေ့ပိုင်း တိုင်းစစ်ဌာန၊ အူလန်ပါ ခရိုင်၊ ပရန်မြို့နယ်ထဲက ကဒေါ့အင်ခန်ကောင်က စခန်းလို့ သူက ရှင်းပြပါတယ်။
စခန်းသိမ်း တိုက်ပွဲအတွင်း ထိခိုက် ကျဆုံးမှုနဲ့ သိမ်းပိုက်ရရှိထားတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီဒေသမှာ ၂၀၁၂ ခုနှစ်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရာက လက်ရှိအထိ နေရပ် မပြန်နိုင်သေးဘူးလို့ သိရပါတယ်။