စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ကမ်ပိန်းကို ပြုလုပ်မည်ဖြစ်ပြီး အညာဒေသရှိ စစ်ဘေးရှောင်ကလေးငယ်များဖြင့် မီးဘေးသင့် ကလေးငယ်များ ပညာရေး ချောမွေ့စေရန် “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အညာဒေသ ကလေးငယ်များ အတွက် စာသင်ဆောင် ၂ ဆောင် ဆောက်လုပ်နိုင်ရန် ငွေကျပ်သိန်း ၃၀ လိုအပ်နေပြီး “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က မေတ္တာရပ်ခံထားသည်။
အဆိုပါ ကမ်ပိန်းတွင် ပါဝင်လိုသော ပြည်သူများ အနေဖြင့် https://m.facebook.com/story.php?story_fbid=292012613739289&id=100087916585581&mibextid=Nif5oz အညာပစ်တိုင်းထောင်လေးများ အဖွဲ့၏ Facebook Page ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။