ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရဲ့ တပ်ရင်းမှူး ကျသွားတယ်လို့ KNU ဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ခြေမြန်တပ်ရင်း ခမရ ၂၀၇ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းကိုကို အပါအဝင် ၁၁ ဦး အကျအဆုံးရှိခဲ့တာလို့ KNU ရဲ့ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်( ကော့ကရိတ်) က ထုတ်ပြန်တာပါ။
တိုက်ပွဲဟာ ကော့ကရိတ်မြို့နယ်အရှေ့ခြမ်း ဆင်ကုန်းရွာ ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNU တပ်မဟာ ၆ လက်အောက်ခံ တပ်တွေ ကြား ဖြစ်ပွားတာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ကျတဲ့အပြင် တပ်ခွဲမှူး အပါအဝင် ၈ ဦးဒဏ်ရာရခဲ့တာကို သိရှိရတယ်လို့ ဒူးပလာယာခရိုင်သတင်းပြန်ကြားရေး ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။