ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းကျေးရွာမှာ တပ်ဆွဲထားတဲ့ အကြမ်းဖက် စစ်ကြောင်းက မူးယစ်သောက်စားပြီး ပြန်လာတဲ့ စစ်သား ၂ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ရဲဘော်တွေက အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအကြမ်းဖက် စစ်သားတွေကို အောက်တိုဘာ ၂၀ရက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်သား ၁ ဦးနေရာမှာတင် သေဆုံးခဲ့သလို ၁ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာပါ။
သေဆုံးသွားတဲ့ စစ်သား အလောင်းကို အကြမ်းဖက် စစ်အုပ်စုက ညတွင်းချင်း ဖျောက်ဖျက်လိုက်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။