စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်က ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေါင်းသွေးနီညီအကိုများ(ပကဖ)အဖွဲ့ က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ပျူစောထီးခေါင်းဆောင် ဦးရာကျော်ဆိုတဲ့သူကို အောက်တိုဘာ ၂၆ရက် နေ့လည် ၁ နာရီခန့်အချိန်မှာ သေနတ် ၁၃ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
” ရာကျော်နေအိမ် နောက်ဘေးမှာ သေနတ်နဲ့ ၃ချက်ပစ်ခတ်ခံရပြီး မသေမရှင်ဖြစ်နေတဲ့အချိန် ရဲစခန်းဘက်ထွက်ပြေးတာပါ။ အဲဒီမှာ ရဲစခန်းနဲ့ထွေအုပ်ရုံးမြောက်ဘက် မီတာ ၁၅၀အကွာထိလိုက်ပြီး နောက် ထပ် ၁၀ချက် တိတိ ပစ်ခတ်ခဲ့တယ်” လို့ ရဲဘော်တစ်ဦးကပြောပါတယ်။
၎င်းက ခင်ဦးတစ်မြို့နယ်လုံးရဲ့ အကြီးစား အကြမ်း ဖက် စစ်ကောင်စီရဲ့ ထောက်တိုင်တဦးဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ထောင်ချတာတွေ အများအပြားကျူးလွန်နေသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ အာဏာမသိမ်းခင်ကလည်း အုပ်ချုပ်ရေးမှူးလုပ်ခဲ့ပြီး ရပ်ရွာပိုင်မြေအများအပြားကို သိမ်းယူအကွက်ရိုက်ရောင်းနေတဲ့ ခရိုနီတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်ကလည်း ခင်ဦး မြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ဦးကိုလည်း ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သလို့ ၎င်းတို့ဆီက MA- 1 သေနတ် နှစ်လက် ရရှိခဲ့တယ်လို့ မြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်။