ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်ပိန်းသည် မြန်မာနိုင်ငံ၏ အမှောင်ထုဖုံးလွှမ်းနေဆဲ နေ့ရက်များကို ပြည်သူများ မမေ့လျော့ကြစေရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လာမည့် ၂၉ ရက်နေ့တွင် အမှောင်ထုထဲ၌ ရှင်သန်ရခြင်း ၊ တော်လှန်ရခြင်း ရက်ပေါင်း ၁၀၀၀ တိတိပြည့်တော့မည်ဖြစ်ကြောင်းနှင့် ကာလ သက်တမ်းမည်မျှပင်ကြာစေကာမူ ရဲဘော် ညီနောင်များသည် အားမလျော့ဘဲ တော်လှန်နေကြဆဲ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး အင်အားစုများကို ယုံကြည်လျက် တဖက်တလမ်းမှ ကူညီ ပါဝင်ပေးကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။
အဆိုပါ ကမ်ပိန်းကို Owl Community နှင့် Falcon Revolutionaries Team တို့၏ အဖွဲ့သားများမှ လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး Democratic Youth Council(DYC) မှ စတစ်ကာ အတွက် ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။