စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် ၊ လောက်ကိုင်မြို့နယ်ရှိ အွန်လိုင်းဂိမ်း (ကျဖျင့်)ကုမ္ပဏီများကိုတိုက်ခိုက်ရှင်းလင်းရန် ၊ကျဖျင့်လုပ်ငန်းများကိုနောက်ကွယ်မှအကာအကွယ်ပေးနေသောအင်အားစုများလားရှိုးမှတစ်ဆင့်စစ်အင်အား တိုးချဲ့မလာနိုင်ရန် ယနေ့(အောက်တိုဘာ ၂၇) နံနက်မှစ၍ လာရှိုးမှ ချင်းရွှေဟော် နှင့် လားရှိုးမှ မူဆယ် ပြည်ထောင်စု လမ်းမကြီးကို အရေးပေါ် ပိတ်လိုက်ကြောင်း MNDAA က ကြေညာလိုက်သည်။ အောက်တိုဘာ ၂၇ နံနက် ၆ နာရီမှစ၍ လမ်းကို ပိတ်လိုက်ပြီး မည်သည့် ယာဥ်တန်းမှ ဖြတ်သန်းခွင့်မပေးဘဲ လမ်းမကြီးပြန်ဖွင့်မည့်ရက်ကို ထပ်မံအကြောင်းကြားမည်ဟုကြေညာထားသည်။