ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့ကျရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၇ရက်)မြောက်ပိုင်း လက်နက်ကိုင်တပ်များ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီ လက်နက်ကြီးတပ်စခန်းများက ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံ ကြုကုတ်မြို့ထဲသို့ ကျရောက်ခဲ့သည်ဟု The Kachin Sub-State Media က ဖော်ပြသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က “ဟုတ်တယ်။ မူဆယ် ၁၀၅ မိုင် စကစ စခန်းက ပစ်လိုက်တာ တရုတ် ဘက် ၁လုံးကျသွားတယ်” ဟု ပြောပြသည်။
လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိကို မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။
မဟာမိတ်တပ်ဖွဲ့များ၏ ယနေ့ ရှမ်းမြောက်ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ပွဲ၌ ပါဝင်သည့် တပ်ဖွဲ့များက အသိပေးထားသည်။