စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေးပို့ခဲ့ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ရွှေဘိုမြို့ စက်မှုဇုံအနီး ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံရှေ့တွင် ကင်းဝပ်ပြီး ပြည်သူများထံမှ အတင်းအဓမ္မ ငွေတောင်းခံနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊Naung YoeArmy တပ်ခွဲ ၁ ရွှေဘိုကျားကြီး၊ Revolution Soldier ၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။