ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) တို့ဟာ ဒီကနေ့မှာပဲ ဗီဒီယိုကွန်ဖရင့် ကနေတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။
အဲ့ဒီ့တွေ့ဆုံမှုအတွင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းစဥ်တွေ ဥပဒေပြုရေးကိစ္စရပ် တွေကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့တက်ရောက်လာသူတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ရေးရာကိစ္စရပ်တွေ တော်လှန်ရေးကာလ ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့လဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီ့ အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ၊ စစ်ကိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီကအဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့လဲသိရပါတယ်။