ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုနယ် နမ့်ပေါင်ရွာထဲက ရဲစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲဝင်ရောက်တိုက်ခိုက်လို လက်ရှိသတင်းရေးသားနေချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို ရွာခံတွေက ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်လွဲ ၃ နာရီဝန်းကျင်ကနေ ဒီနေ့ အောက်တိုဘာ ၂၉ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး နမ့်ပေါင် ရဲကင်းစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲက ဝင်ရောက်စီးနင်းလို စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ထွက်ပြေးကုန်ကြတယ်လို ဆိုပါတယ်။
” ရဲစခန်းမှာ ရဲတစ်ယောက်မှမရှိတော့ဘူး။ မနက်ကတည်းက အခုထိ ဖြစ်နေတုန်းဘဲ။ ကျမတို အပြင်တောင်မထွက်ရဲဘူး။ ရွာထဲလည်း တရုတ်နဲ့ ပလောင်တွေပြည့်နေပြီ “လို နမ့်ပေါင်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို သူက ဆက်ပြောပါတယ်။
နမ့်ပေါင်ကျေးရွာအတွင်းက ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲက ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်ထားသလားဆိုတာတော့ မသိရသေးပါဘူး။
လားရှိးမြိုထဲ တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာခံ ၅၀၀၀ ဝန်းကျင်ဟာလည်း တိုက်ပွဲမဖြစ်ပွားတဲ့ ရွာထဲနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။