မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ဦးဆောင်ပြီးတော့ ဒီနေ့မှာ မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထိန်းသိမ်း ခံနေကြရတဲ့နိုင်ငံရေးအကျဥ်းသားများအားလုံးကို အမြန်ဆုံးလွှတ်မြောက်ရန်အတွက် “လွှတ်” ဆိုတဲ့ လှုပ်ရှားမှု တစ်ရပ်ကို ပြုလုပ်ခဲ့ ကြပါတယ်။
နိုင်ငံရေးအကျဥ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရန် “လွှတ်” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုကို အနုပညာရှင်များ ၊ CDM များ ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဥ်းသားဟောင်းများနဲ့ ပြည်သူများမှ ပါဝင်အားဖြည့် လုပ်ဆောင်ခဲ့တယ်လို့ Political Prisoners Network- Myanmar မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးကမ်ပိန်း လှုပ်ရှားမှုကို ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့သူများကို အကျဥ်းထောင်အတွင်းက နိုင်ကျဥ်းများကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။