မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ ကြားမှာရှိတဲ့ တောင်ရှေ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာ ရသွားတယ်လို့ PDF မိတ္ထီလာ ခရိုင် အမှတ် (၂) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ပြီး မြေပြင်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ် ချေမှုန်းခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်စဥ် အသေးစိတ်နဲ့ စစ်သားသေဆုံး ဒဏ်ရရမှု စတဲ့ မြေပြင် အခြေအနေတွေကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း-MHLG PDF နဲ့ အတူ မဟာမိတ်အဖွဲ့များဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃)-တပ်ခွဲ(၁)-(မြေလတ်PDF)၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း၊ မိတ္ထီလာ ခရိုင် အမှတ် (၃) တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပ.က.ဖ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။