ကရင်နီပြည်(ကယား)တွင်ဖွင့်လှစ်မည့် နွေဦးကျန်းမာဆေးရုံအတွက် CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ကြောင်း ကရင်နီဒေသတွင် ကျန်းမာရေးဆိုင်ရာနှင့် ထောက်ပို့ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေသော ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်ကျောင်းသားကော်မ တီက အသိပေးထုတ်ပြန်သည်။
ခေါ်ယူလိုသည့် ဘာသာရပ်များမှာ အထူးကုဆရာဝန်များ(အရိုးအကြောခွဲစိတ်၊ ဆေးပ ညာ၊ သားဖွားမီးယပ်၊ ကလေးနှင့် သက်ဆိုင် ရာဘာသာရပ်များ၊ သူနာပြု ဆရာ/ဆရာများ(Senior Nurse ၊ Trained Nuse)၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင်များ (ဓါတ်မှန်၊ ဓါတ်ခွဲ)စသည်တို့ဖြစ်ပြီး အရေအတွက်အကန့်အသတ်မရှိ ခေါ်ယူမည်ဖြစ်ကြောင်း ဖော် ပြသည်။
“ကရင်နီပြည် နွေဦးကျန်းမာဆေးရုံအတွက် CDM ကျန်းမာရေးပညာရှင်များ ကိုဖိတ်ခေါ်ပါရစေ။ တလရကြီးရဲ့ ရေချိန်အမြင့်ဆုံး အခြေအနေပါ။ အောင်ပွဲ ဆီသွားတဲ့ လမ်းကို တူတူလျှောက်ရအောင်ပါ။ နေပြည်တော်ဆီ တရွေ့ရွေ့ချီတက်ကြစို့ပါ”ဟု ကရင်နီဒေသတွင် ကျန်းမာရေးဆိုင်ရာနှင့် ထောက်ပို့ဆိုင် ရာကိစ္စရပ်များဆောင်ရွက်နေသော ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်ကျောင်းသားကော်မ တီက ဆိုသည်။
ထို့အပြင် နွေဦးကျန်းမာအနေဖြင့် ကျန်းမာ ရေးပညာရှင်များ၏ နေထိုင်စားသောက်ရေး၊လစဉ်ဂုဏ်ပြုချီးမြှင့်ငွေ၊ လုံခြုရေး၊ကြားကာ လအတွင်း သက်ဆိုင်ရာအစိုးရများမှ ချီးမြှင့်မည့်ဂုဏ်ပြုခြင်းအခွင့်အလမ်းများနှင့် နွေဦးကျန်းမာ၏ တော်လှန်ရေးဂုဏ်ပြုမှတ်တမ်းတို့ကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။
“သမိုင်းတကွေ့မှာ သမိုင်းလှလှရေးနိုင်ဖို့ ၊ CDM ကျန်းမာရေး ဆရာ၊ ဆရာမများကို တော်လှန်ရေးလည်းကူ ၊ အလုပ်အကိုင်အခွင့်အလမ်းပါ ပေးချင်ပါတယ်”ဟု ၎င်းတို့က ဖော်ပြသည်။
အဆိုပါ ကရင်နီပြည်တွင်ဖွင့်လှစ်မည့် နွေဦးကျန်းမာဆေးရုံအတွက် CDM ကျန်းမာရေးပညာရှင်များခေါ်ယူမှုအတွက် ဆက်သွယ်လိုပါက [email protected]
သို့ ဆက်သွယ်နိုင်ပြီး CV နှင့်အတူ CDM ပါ ဝင်ကြောင်း (သို့) တော်လှန်ရေးအတွက် ကူနေကြောင်းမှတ်တမ်းရှိပါက တပါတည်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။
နွေဦးကျန်းမာဆေးရုံဖွင့်လှစ်မည့်ရက်နှင့် အခြားအသေးစိပ်အစီအစဥ်များအား ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်ကျောင်းသားကော်မ တီသို့ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။