ကချင်ပြည်နယ်၊ လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” လိုင်ဇာမှာ ဗုံးကျဲနေတာ ၅ ကြိမ်ရှိပြီး လူနေရပ်ကွက်နဲ့ ကိုက် ၅၀ ကွာတဲ့ တောင်ကုန်းကို ကျဲနေတာ ဆိုင်တချို့လည်း ပိတ်ကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။