အမျိုးသားညီညွတ်ရေးအစိုးရ ၊ သမ္မတရုံး ဖေ့စ်ဘွတ်ခ်ပေ့ချ်အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
လွတ်လပ်သော သတင်းမီဒီယာများ အပါအဝင် အများပြည်သူနဲ့ ထိတွေ့ဆက်စပ်မှု ပိုမိုလျင်မြန် ချောမွေ့စေရန်နဲ့ သမ္မတရုံးရဲ့ လုပ်ဆောင်ချက်များအား အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ရန် ရည်ရွယ်ပြီး သမ္မတရုံး ဖေ့စ်ဘွတ်ခ်ပေ့ချ် အသစ် ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ဖြစ်ထွန်းတိုးတက်မှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတနဲ့ သမ္မတရုံးတို့ရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အဆက်မပြတ် သိရှိနိင်စေရန် Like and Share လုပ်ထားကြဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။
သမ္မတရုံးပေ့ချ်ကို https://www.facebook.com/OfficeOfThePresident.NUG မှာဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။