မြေပြင်မှာ တိုက်ပွဲဝင်နိုင်တဲ့သူတွေက PDF အဖြစ်ခံယူဖို့နဲ့ တိုက်ပွဲဝင်ဖို့ အဆင်််််သင့်မဖြစ်သူတွေက PRF ထောက်ပို့ရဲဘော်တွေအဖြစ် ခံယူကြဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
“မြေပြင်မှာ တိုက်ပွဲဝင်နိုင်တဲ့ ရဲဘော်တွေက PDF အဖြစ် ခံယူကြပါ။ မြေပြင်မှာ တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်မဖြစ်တဲ့ ရဲဘော်တွေကတော့ မိမိကိုယ်ကို PRF ထောက်ပို့ရဲဘော်တွေအဖြစ် ခံယူကြပါလို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်တာပါ။
စစ်သားတစ်ယောက် ရှေ့ထွက်ပြီး စစ်တိုက်နိုင်ဖို့အတွက် နောက်တန်းက ထောက်ပို့လုပ်ပေးရတဲ့ ရဲဘော် အနည်းဆုံး ၅ ဦးလိုအပ်တယ်လို့ ပြောစမှတ်ပြုတာ ရှိကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PRF – ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုဝင်ဆိုတဲ့ အစီအစဉ်ကို အ ကောင်အထည်ဖော်နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“PRF ရဲဘော်တွေကိုလည်း ကျွန်တော်တို့ PDF ရဲဘော်တွေအဖြစ် အသိအမှတ်ပြုတယ်။ PRF ရဲဘော်တွေကိုလည်း အခု ကျွန်တော်တို့ ကိုယ်ပိုင်နံပတ် တခါတည်းထုတ်ပေးပြီးတော့ ဒီထောက်ပို့ဆောင်ရွက်သူတွေဟာလည်း တော်လှန်ရေး ရဲဘော်တွေပဲလို့ ကျွန်တော်တို့ အသိအမှတ်ပြုပေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ ဒါလေး ကျွန်တော် တခါတည်း ရှင်းပြလိုပါတယ်။” လို့ ဦးရည်မွန်က ပြောကြားခဲ့တာပါ။
ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်လိုသူတွေအနေနဲ့ https://www.facebook.com/prf4pdf နဲ့ m.me/prf4pdf မှာ ဆက်သွယ်နိုင်ပါတယ်။