စစ်ကောင်စီစစ်ကြောင်းနဲ့ တပ်စွဲတာတွေရှိနေတဲ့လောင်းလုံးမြို့နယ်မှာ ဒီနေ့နေ့လည်ပိုင်းက ထားဝယ်ခရိုင် သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ဒေသခံအမျိုးသမီးတွေနဲ့ လူငယ်တွေကလည်း ပူးပေါင်းပါဝင်ပြီးချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့ပေါ်မှာတော့ မနေ့ကစလို့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပြီး မင်းရပ်ရွာတဝိုက်မှာလည်း ဒီနေ့မှာစစ်ကောင်စီစစ်ကြောင်းတခုတိတ်တဆိတ်သွားလာနေပါတယ်။