ရပ်စောက်မြို့ ကနေတဆင့် နောင်ချိုမြို့ ကို ပေါက်တဲ့ ရွှေညောင်-ရပ်စောက်-နောင်ချိုလမ်း၊ ပင်းတယ-ရပ်စောက်လမ်း နဲ့ ရပ်စောက် – နောင်ချိုလမ်းပိုင်း တွေကို ဒီနေ့ညကစပြီး ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး- DPLF က အရေးပေါ်ကြေညာ လိုက်ပါတယ်။
အဲ့ဒီလမ်းတွေဟာ စစ်ကောင်စီတပ်က မိတ္ထီလာ၊ သာစည်၊ ကလော နဲ့ အောင်သပြေ တပ် တွေကနေတဆင့် စစ်အင်အားနဲ့ ရိက္ခာ၊ လက်နက်တွေ သယ်ပြီး ရှမ်းမြောက်ကို စစ်ကူသွားနေတဲ့ လမ်းကြောင်းတွေ လို့ ဒေသတွင်း မီဒီယာတွေနဲ့ ဒေသခံတွေက အတည်ပြုပြောဆို ထားပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး- DPLF က မစ်ရှင်တွေ ဖော်ဆောင်မှာ ဖြစ်လို့ အဲ့ဒီလမ်းပိုင်းတွေကို ဒီနေ့ ည ၈ နာရီခွဲခန့်က စပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားလိုက်ပြီ လို့ ဆိုပါတယ်။