မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ကန့်သတ်အရေးယူမှုများ ပြုလုပ်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့ အောက်တိုဘာ (၃၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
အမေရိကန်၏ ဘဏ္ဍာရေးလုပ်ငန်းများအနေဖြင့် လာမည့် ဒီဇင်ဘာ(၁၅) ရက်ကစတင်ပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအပေါ် ဝန်ဆောင်မှုပေးခြင်းများ မလုပ်ဆောင်ကြရန် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။