ရှမ်းပြည်နယ် မန်တုံမြို့နယ် မန်ပတ်ကျေးရွာသားများသည် မြေမြုပ်မိုင်းအန္တရာယ်ကြောင့် တောင်ယာခြံ အသွားအလာ ခက်ခဲနေကြောင်း သတင်းရရှိသည်။
ကျေးရွာအနီးဖြစ်၍ နွားနှင့် ကျွဲများလည်း နင်းမိပေါက်ကွဲသလို စပါးတောင်ယာအခင်းများ ရိတ်သိမ်း၍ မပြီးသေးသည့် ရွာသားများလည်း အခက်တွေ့နေကြောင်း ဒေသခံသတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အပြင် ကေအိုင်အေ နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ရက်ဆက်ပြင်းထန်နေသည်။