စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ထွေအုပ်ရုံးထဲ ပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက် ၈ နာရီခန့်က စတင်ကာ အလံဖြူပြပြီး လက်နက်ချလိုက်ပြီလို့ မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို မြေပြင်တပ်ဖွဲ့တင်တွေက မြေလတ်အသံကို ပြောပါတယ်။
“ဒီနေ့မနက်မှာ အလံဖြူထောင်ပြီး ၅ယောက်တဖွဲ့၊ ၆ယောက်တဖွဲ့ဆီ ခွဲထွက်လာကြတယ်လို့ သိရပါတယ်။ ကလေးတွေ (ရဲဘော်တွေ)ကို အခုသွားကြိုနေပြီ။ “လို့ ကောလင်း PDFတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ မြို့ထဲမှာရှိတဲ့ရှေ့တန်းက ကာကွယ်ရေးတပ်တွေပြန်လည်ဆုတ်ခွာနေပြီး ကျေးရွာတွေမှာလည်း ဒေသခံတွေအောင်ပွဲခံနေကြပြီလို့ ဆိုပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၃ ရက် မနက်၁နာရီကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာ မြို့ကိုသိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ ကောလင်းခရိုင်တပ်ရင်း(၁)က တပ်စုမှူးတဦးကျဆုံးခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂၀ကျော် သေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။