နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ အဝင်အထွက် စုပေါင်းဂိတ် ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဆိုင်ကယ်ပေါ်ကနေ ရဲတွေကို ပစ်ခတ်ရာမှာ ရဲတယောက် ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ဆုံးတယ်။ နောက်ထပ် ရဲတယောက်ကတော့ နှာခေါင်းနဲ့ပါးကို ဘေးတိုက် ကျည်ဖောက်ထွက်သွားပါတယ်။ ဆိုင်ကယ်စီးလာပြီး ပစ်ခတ်တဲ့ နှစ်ယောက်က ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆက်လက်ပစ်ခတ်ရာမှာ ကျန်ရှိတဲ့ အခြားရဲတယောက်နဲ့ လဝက တယောက်ရယ် စရဖအဖွဲ့က မောင်နိုင်ဆိုသူရယ် အားလုံးထွက်ပြေးသွားကြပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။
တစ်ချိန်တည်းမှာပင် စစ်ကောင်စီ၏ ဆဒုံးဗျူဟာကုန်းကို ဒရုန်းနဲ့ ဗုံးကြဲချရာ စက်လက်သေနတ်အများအပြား ရဲ ၁ ဦးနှင့်စစ်သား ၄ ဦး ထိခိုက်သေဆုံးကြောင်း ၊ ယင်းနောက် စစ်တပ်က ဒေသပြည်သူ ရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။