ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း-ကယား နယ်စပ်ကနေ ကယားပြည်နယ်ထဲ စစ်ကြောင်းထိုးဖိုး ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေကို အောက်တိုဘာလ အကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက် ပိုင်း တိုက်ပွဲတွေဆီ အင်အားဖြည့်ဖို့ တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် အင်အား ၄၀၀ ကျော်ဟာ အောက်တိုဘာလ ဒုတိယအပတ်က စပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်ရှိ မဲသင်းရွာကနေ ကယားပြည်နယ် မိုးဗြဲဒေသကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာပါ။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပင်လောင်းကနေ ရှမ်းပြည် နယ်မြောက်ပိုင်းတိုက်ပွဲတွေဆီ အင်အားဖြည့်ဖို့ ထွက်ခွာသွားတာဖြစ်တယ်လို့ ကရင်နီတော်လှန် ရေး တပ်ပေါင်းစု KRU တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
” စစ်တပ်ကစစ်သားတွေနဲ့ PNO ပြည်သူ့စစ်တွေပါတယ်ပေါ့နော် ဟိုတလောကတော့ ကြားတယ် ဒါပေမဲ့ အခုလောလောဆယ်မတွေ့တော့ဘူး။ပျောက်နေတယ် အသံလည်း မကြားဘူး။လော လောဆယ်တော့ ဒီဘက်ကတပ်တွေသူတို့ မြောက်ပိုင်းဘက်ကို ပြန်ဆုတ်သွားတယ်လို့ ကျွန် တော်တို့ ကြားတယ်။အင်အားဘယ်လောက်ဆုတ်သွားတယ်ဆိုတာတော့ မသိရဘူး။အနည်းဆုံး တော့ကားဆယ်စီး ဆယ့်ငါးစီးကတော့ ဆုတ်သွားတယ်” လို့ သူက ပြောပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စ.က.ခ-၁၂ နဲ့ တပ်မ -၃၃ လက်အောက်ခံတပ်ရင်းတွေ၊ကလောအခြေစိုက် တပ်မ -၅၅ လက်အောက်မှာရှိတဲ့ တပ်ဖွဲ့တွေအပါအဝင် PNO တပ်သားတချို့လည်း ပါဝင်တယ် လို့ မျက်မြင်သက်သေတချို့က ဆိုပါတယ်။
လက်တလောမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကယားပြည် နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေမဖြစ်ပွားတော့ပေမယ့် စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုများလာပြီး လွိုင်ကော် အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဘက်က အင်အားလျော့ထားပေမယ့်လည်း လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် တိုက်ပွဲဖော်ဆောင်ဖို့ ခက်ခဲနေရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် က အသိပေးထားပါတယ်။