စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊လက်ပံတောင်းတောင်ပင်မသပိတ်၊မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ရပ်ကွက်၊ကျေးရွာ ပကဖ၊ပအဖ တို့ပူးပေါင်း ပြီး၊ဒေသခံပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသနေတယ်လို့ ဆားလင်းကြီးမြို့နယ် – လက်ပံတောင်းတောင်ပင်မသပိတ်မှ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တော်လှန်ရေးပူးပေါင်းအဖွဲ့က အညာဒေသမှာ တော်လှန် ရုပ်ရှင်တွေကို ပိတ်ကားထပ်မှာ ပြသနေဆဲဖြစ်တယ်လို့ ဆိုခဲ့ပြီး ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Salingyi Special Task Force နှင့် Burma Liberation Democratic Front – BLDF တပ်ဖွဲ့က ရဲဘော် များက လုံခြုံရေးအဖွဲ့ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြ တယ်လို့ ဖော်ပြထားပါတယ်။