တောင်ငူထောင်တွင် ချုပ်နှောင်ခံထားရသည့် အသက် ၇၀ ကျော်အရွယ် သမ္မတကို မိသားစုဝင်တစ်ဦးသာ တွေ့ခွင့်ရသည်။ ဇနီးသည် ဒေါ်ချိုချို သွားတွေ့ခဲ့ပြီး ဦးဝင်းမြင့် ကျန်းမာရေးကောင်းကြောင်း သိရသည်။
“တစ်ယောက်ပဲ တွေ့ခွင့်ရမယ်ဆိုတော့ အန်တီ (သမ္မတ၏ ဇနီးဒေါ်ချိုချို) ပဲ သွားတွေ့တယ်။ ကျန်းမာရေး ကောင်းတယ်။ စကားတော့ လွတ်လွတ်လပ်လပ် ပြောခွင့်မရဘူး။ (စစ်ကောင်စီက) အနားမှာ စာအုပ်နဲ့ လိုက်မှတ်နေတယ်လို့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
သမ္မတကို စစ်ကောင်စီက နေပြည်တော်လျှို့ဝှက်နေရာ၌ ထားရှိရာမှ ဇန်နဝါရီ ၁၄ ရက်တွင် တောင်ငူထောင်သို့ ပို့လိုက်ပြီးနောက် ၁၀ လ ဝန်းကျင်ကြာချိန်မှ မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရရှိခြင်းဖြစ်သည်ဟု သိရပါသည်။