ဂျာမနီ နိုင်ငံ Frankfurt မြို့တွင် The Way ဂီတရုပ်ရှင်ပြပွဲနှင့် လူသားချင်းစာနာ စျေးရောင်းပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရုပ်ရှင်ပွဲအပြီးတွင် ကိုလင်းလင်း+ချစ်သုဝ ၊ The Way အဖွဲ့သားများနှင့် ဗီဒီယို call ဖြင့် စကားပြောဆိုပြီး “ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ကိုယ်ရွှေးခဲ့တဲ့လမ်း ဘာအကြောင်းပြချက်မှ မလိုဘူး” ဆိုသည့် စာသားကို အတူရွတ်ဆိုကြကာ “အရေးတော်ပုံအောင်ကို အောင်ကိုအောင်ရမယ်” ကြွေးကြော်သံ ၃ကြိမ် ဆို၍ ရုပ်ရှင်ပြပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။