ချင်းပြည်နယ်၊မတူပီမြို့၊ မတူပီ – ဟားခါးလမ်းပေါ်သို့ စစ်ကြောင်းထိုးရန်လာတဲ့ မတူမီ အခြေစိုက် ခလရ (၁၄၀) မှ အင်အား ၆၀ ဦးပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ချင်းလဲန် ကာကွယ်ရေးတပ်ဖွဲ့ -မတူပီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချင်းလဲန်ကာကွယ်ရေး သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ရက်စွဲ နဲ့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်မှာ ဖနိုင်နဲ့ ငလိုင်အကြား စောင်ထီယား လမ်းခွဲအတွင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်တပ်သား ၂ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးများနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့ပြီး၊ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့တယ် လို့ဖော်ပြ ထားပါတယ်။