လေကြောင်းအန္တရာယ်ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခွန်ရွာမှ သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုပိပြီး ေသဆုံးနေသည်ကို ယနေ့ နံနက် ၆ နာရီခန့်က တွေ့ရှိခ့ဲကြောင်း သတင်းရရှိသည်။
ဗုံးခိုကျင်းပြိုပိမိ၍ အမေဖြစ်သူ ဒေါ်မဒိန့်ခေါ်ဝါမ် အသက် ၄၅ နှစ်နှင့် သားဖြစ်သူ မောင်တန်ဘော် ခေါင်ဇောင်း အသက် ၁၂ နှစ်တို့ သေဆုံးကြောင်း သိရသည်။
၎င်းသားအမိသည် ဂုံးသီးခြံထဲက ဗုံးခိုကျင်းထဲ၌ ပိမိသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်က စခန်းအများအပျား လက်လွတ်သွားသောကြောင့်၊ ရှမ်းနှင့် ကချင်ပြည်နယ်တွင် နေ့တိုင်းလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။