ဒီနေ့ကျရောက်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက မွေးနေ့ဆုတောင်း ပေးပို့ခဲ့ပါတယ်။
အဲဒီလို မွေးနေ့ဆုတောင်း ပေးပို့ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ ကျေးဇူးတင်ရှိတယ်လို့ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သဝဏ်လွှာပြန်လည်ပေးပို့ ခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပြန်လည်ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ ယနေ့အချိန်ကာလက မြန်မာပြည်တွင်းမှာ စစ်ရေးအရှိန်အမြင့်ဆုံးသော အချိန်ကာလဖြစ်တဲ့အပြင် နိုင်ငံ့အပြောင်းအလဲရဲ့ ကနဦး ရောင်နီဦးကို တွေ့မြင်နေရတဲ့ ကာလဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် အနေနဲ့ နိုင်ငံ့အပြောင်းအလဲကို လိုလားတဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ လက်တွဲပြီး မျှော်မှန်းထားတဲ့ စစ်ရေး ၊ နိုင်ငံရေး ဘုံရည်မှန်းချက်များကို အမြန်ဆုံးပြည့်ဝစေရန် ပူးပေါင်းဆောင်ရွက်လို့ ရတဲ့သူများနဲ့ လက်တွဲကာ အတူတကွ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။