ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း)က “တလှိုင်းပြီး တလှိုင်းလာမယ်” စာတန်းအား ချိတ်ဆွဲ၍ ရန်ကုန်လူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲလျက်ရှိသော ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် ဟန်ချက်ညီစွာလှုပ်ရှားနေကြသောတစ်နိုင်လုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တစ်သားတည်းရှိနေကြောင်း ပြသသည့်အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ ပြုလုပ်ကြောင်း သိရှိရသည်။