ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ပြည်သူ ၅ သောင်းခန့် စစ်ဘေးရှောင် နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCH က ဒီကနေ့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး တိုက်ပွဲ ဆက်ဖြစ်နေလို့ ဒေသခံတွေ နေရပ် စွန့်ခွာ စစ်ဘေး ရှောင်နေရတယ်လို့ UNOCH ကဆိုပါတယ်။
စစ်ဘေးရှောင်တွေကို အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ အတွက် ကူညီဖို့ အမေရိကန် ဒေါ်လာ တစ်သန်း အသုံးပြုမယ်လို့လည်း UNOCH က ပြောပါတယ်။
ဒါပေမယ့် စစ်ဘေးဒဏ်သင့် ပြည်သူတွေကို ဝင်ရောက်ကူညီဖို့ သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးက တိုက်ပွဲတွေ ရပ်တန့်ပြီး အတားအဆီးမဲ့ ဝင်ရောက် ကူညီခွင့်ပြုဖို့ အရေးကြီးတယ်လို့ UNOCH က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လားရှိုး၊ လောက်ကိုင်၊ နမ့်တစ်၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ဘေးရှောင်နေရတာ ဖြစ်တယ်လို့ UNOCHA ဆိုပါတယ်။
အဲ့ဒီစစ်ဘေးရှောင် ၅ သောင်းနီးပါးဟာ ဘာသာရေးဆိုင်ရာ ကျောင်းတွေ၊ နယ်စပ်ဘက်နဲ့ တရုတ်ဘက်ကို စစ်ဘေးရှောင်ကြတာဖြစ်ပြီး လက်ရှိအချိန်ထိ တစ်ချို့ဟာ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။