ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ −၁၂) ကို ဒီနေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့တွေက စစ်ရေးသတင်းဖော်ပြပါတယ်။
စကခ (၁၂) ကို ဒီနေ့ မနက်၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့တိုက်ခိုက်တာလို့ ဆိုထားပါတယ်။
အဲဒီနောက် ကေ့ာကရိတ်မြို့နယ်ထဲက လှိုင်ဝ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။
အဲဒီတံတားဟာ ဘားအံ − ကော့ကရိတ် − မြဝတီလမ်းကြောင်းပေါ်မှာရှိတံတားဖြစ်ပါတယ်။
ဒီနေ့တိုက်ခိုက်မှုတွေကို ဒရုန်းတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်တာလို့ Kloud ဒရုန်းအဖွဲ့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။