ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့ကို အပြီး သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကိုးကန့် MNDAA က ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။
ကွမ်းလုံမြို့ကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကိုးကန့် MNDAA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသော ဗျူဟာကုန်းကို ဆက်လက် တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗျူဟာကုန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆုတ်ခွာ ထွက်ပြေးသွားပြီး ကွမ်းလုံမြို့ တစ်မြို့လုံးကို အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့် MNDAA တပ်ဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံတွင် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းမှ သိမ်းဆည်းရရှိထားသော စစ်လက်နက် ခဲယမ်းများ၊ စစ်ကားများ၊ တင့်ကားများနှင့် မြို့တွင်း အခြေအနေများကိုပါ ထုတ်ပြန်ထားသည်။