မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်အစပ်နားက အတ္တရံမြစ်ကူးတံတား ( ချောင်းနှစ်ခွ) မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်ကို ဒီနေ့ ညနေပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်တာရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
ကျိုက်မရောမြို့နယ် ၊ချောင်းနှစ်ခွ ရွာမှာ အခြေချတဲ့ ရဲကင်းစခန်းနဲ့ တံတားဂိတ်ကို နိုဝင်ဘာလ ၁၀ ရက် က စတင်တိုက်ခိုက်နေတာပါ။
ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့သိရပါတယ်။
“အခုလောလောဆယ်တော့ တိတ်ဆိတ်နေပါတယ်၊ အခြေအနေကတော့ စိတ်ပူရမယ့် အခြေအနေပဲ” လို့ ချောင်းနှစ်ခွရွာခံတစ်ဦးက ဒီနေ့ ညနေပိုင်း ၆ နာရီ မှာ အခြေအနေကို ပြောပြပါတယ်။
ကျိုက်မရောမြို့နယ် ၊ချောင်းနှစ်ခွ တံတားမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းဟာ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှု ကို မကြာခဏခံရပါတယ်။