ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မင်းပြားမြို့နယ်မေလွမ်းနှင့် ဇောက်ချောင်းအကြားတွင် စစ်သားများ တင်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကား ၂ စီးလုံး မိုင်းထိမှန်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်၏ နယ်ခြားစောင့် စစ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း၊ ယခုအခါ စခန်းကို မီးရှို့ရှင်းလင်းနေကြောင်း သိရှိရသည်။