ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင်လာကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းတခုလုံး ရက္ခိုင့်တပ်တော် (AA)ထံမာ လက်နက်ချ အလင်းဝင် လာကြောင်း၊ အပေါက်ဝရဲစခန်းကို ရက္ခိုင့်တပ်တော်(AA ) ကလက်နက်ချရန် ပြောဆိုရာတွင် စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ယောက် လက် နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ရက္ခိုင်တပ်တော် (AA)က ဒုံးပိုက် နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။