၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက် ထားသည့် ကျောင်းသားကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူခွင့် ဆုံးရှုးမှုမရှိစေရန်ရည်ရွယ်၍ ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာနှင့် တက္ကသိုလ်အသီးသီး၏ လူမှုကွန်ရက်စာမျက်နှာ များတွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ကြားကာလတက္ကသိုလ်ကောင်စီများ၏ ဤ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာ သင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို အချိန်အားဖြင့် (၂) ပိုင်းခေါ်ယူသွားမည် ဖြစ်ပြီး တက္ကသိုလ် (၁၆) ခုမှ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပထမအကြိမ် အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့ကြားအတွင်း လျှောက်ထားရမည့် တက္ကသိုလ်များမှာ
၁) မြန်မာ့နွေဦး တက္ကသိုလ်၊
၂) ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊
၃) နွေဦးဆရာအတတ်ပညာတက္ကသိုလ်၊
၄) သင်ကြားရေး အတတ် ပညာတက္ကသိုလ်၊
၅) ထားဝယ်နည်းပညာတက္ကသိုလ်၊
၆) ကွန်ပျူတာတက္ကသိုလ်များ၊
၇) တိုင်းရင်းဆေး တက္ကသိုလ်၊
၈) ဆေးတက္ကသိုလ် (မကွေး)၊
၉) သူနာပြုတက္ကသိုလ် (မန္တလေး)
– စုစုပေါင်း (၉) ကျောင်းတိုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် သက်ဆိုင်ရာတက္ကသိုလ်များတွင် စတင်သင်ယူနိုင်မည် ဖြစ်သည်။
ဒုတိယအကြိမ် အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် ဝင်ခွင့်ခေါ်ယူမည့် တက္ကသိုလ်များမှာ ပထမအကြိမ်ခေါ်ယူချိန်တွင် ခေါ်ယူခဲ့သည့် တက္ကသိုလ် (၉) ခုအပြင်
၁) ဆေးတက္ကသိုလ် (၁) ရန်ကုန်၊
၂) ဆေးတက္ကသိုလ် (၂) ရန်ကုန်၊
၃) ဆေးတက္ကသိုလ် (မန္တလေး)၊
၄) ဆေးတက္ကသိုလ် (တောင်ကြီး)၊
၅) သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များ၊
၆) သူနာပြုတက္ကသိုလ်၊ ရန်ကုန် နှင့်
၇) သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္က သိုလ် (ရေဆင်း)
* (*၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်လျှောက်ထားနိုင်) – စုစုပေါင်း (၁၆) ကျောင်းမှ ဝင်ခွင့် ခေါ်ယူ သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သက်ဆိုင်ရာတက္ကသိုလ်များတွင် စတင်သင်ယူနိုင်မည် ဖြစ်သည်။
ပထမအကြိမ်ခေါ်ယူမှုတွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တိုင်းရင်းသား ပညာရေး အဖွဲအစည်းများ၏ အထက်တန်းပညာရေးအောင်မြင်ပြီးမြောက်သူများ၊ GED/IGCSE/SAT စာမေးပွဲအောင်မြင် ပြီးသူများကို လက်ခံမည်ဖြစ်ပြီး ဒုတိယအကြိမ်ခေါ်ယူမှုတွင် ရှေ့ကခေါ်ယူခဲ့သော ကျောင်းသားအမျိုးအစား များအပြင် ၂၀၂၃ ခုနှစ် BECA ပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်ရရှိထားသူ ကျောင်းသားကျောင်းသူ များကိုပါ ခေါ်ယူသွားမည် ဖြစ်သည်။ ထိုအပြင် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော ကျောင်းသား ကျောင်းသူများနှင့် ရိုဟင်ဂျာပညာရေး အဖွဲအစည်းများမှ ကျောင်းသားကျောင်းသူများကိုလည်း ဝင်ခွင့်လက်ခံ ပေးမည် ဖြစ်သည်။ တက္ကသိုလ်အသီးသီးသို လျှောက်ထားရာတွင် မြိုနယ်ပညာရေးဘုတ်အဖွဲများ၊ ကြားကာလ ပညာရေး ဖော်ဆောင်နေသော အွန်လိုင်းကျောင်းများ၊ မြေပြင်ပညာရေးကျောင်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ်/သိပ္ပံကျောင်း ကောင်စီများ၊ စီဒီအမ်ဆရာ/မများ၊ ဆရာ/ကျောင်းသား သမဂ္ဂအဖွဲအစည်းများနှင့် ဌာနအသီးသီးရှိ စီဒီအမ်ဝန်ထမ်းများထံမှ ထောက်ခံစာကို ရယူနိုင်ကြောင်း ကြားကာလတက္ကသိုလ် ကောင်စီ များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲမှ ထုတ်ပြန် ကြေညာထားသည်။