ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ စောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် စစ်ဘေးရှောင် ပြည်သူများအတွက် စောင်များ လိုအပ်လျက်ရှိပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့က အိမ်ထောင်စု ၆၂စုအတွက် တစ်အိမ်ထောင်လျှင် စောင် ၁ ထည်နှုန်းထောက်ပံ့ခဲ့ကြောင်းသိရှိရသည်။