အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပနေသော APEC (APEC – Asia-Pacific Economic Cooperation)ညီလာခံအနီးတွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ စစ်ကောင်စီကို လက်နက်နှင့် လေယာဥ်ဆီတင်ပို့ ရောင်းချနေမှုများ ရပ်တန့်ရေး ယနေ့ (နိုဝင်ဘာ ၁၃) က ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU USA) မှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဆန္ဒပြပြည်သူများက မြန်မာပြည်လွတ်မြောက်ရေးကြွေးကြော်သံနှင့်အတူ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုမှ တောင်းဆိုနေသော APEC နိုင်ငံများအနေဖြင့် စစ်ကောင်စီကို လက်နက် နှင့် လေယာဥ်ဆီတင်ပို့ ရောင်းချနေမှုများ ရပ်တန့်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။