ရန်ကုန်မြို့တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ “အထွေထွေ အကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ပန်ဖလက်များကို ဖြန့်ဝေပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် Mayangone Democratic Front (MDF)၊ Kyimyindaing Networks (KMD18) တို့ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။